
Master Your Money

ငွေကြေးအကျပ်အတည်းကင်းဖို့ဆိုရင် အများစုက ငွေရှာတာကိုပဲ အဓိကစဉ်းစားတယ်။ ငွေရှာတာက အရေးကြီးတာမှန်တယ်ဆိုပေမဲ့ ငွေကြေးကို စီမံခန့်ခွဲမှုသေချာမလုပ်နိုင်ရင် ကိုယ်ရှာထားတဲ့ငွေကို ထိန်းသိမ်းနိုင်ဖို့၊ အဲဒီငွေကိုအရင်းအနှီးပြုပြီး ကြီးပွားအောင်လုပ်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ငွေကြေးနဲ့ပတ်သက်ရင် Financial Literacy ကို နားလည်သဘောပေါက်ဖို့ အရေးကြီးပါတယ်။ အခုလို ကျပ်တည်းချိန်မှာ ပိုလို့တောင် အရေးကြီးလာပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင် Financial Literacy ပဲပြောပြော၊ Financial Education ပဲပြောပြော ငွေကြေးအသိပညာကို အခြေခံလောက်မှ နားမလည်ထားရင် ငွေကြေးအကျပ်အတည်းကနေ လွတ်မြောက်ဖို့မလွယ်ပါဘူး။ ၂၀၂၄ မှာ ထွက်ရှိထားတဲ့ ကျွန်တော့်ရဲ့ "Master Your Money" စာအုပ်အကြောင်းကို ဝေမျှပေးချင်ပါတယ်။ ဒီစာအုပ်ကနေ ငွေကြေးနဲ့ပတ်သက်လို့ ဘာတွေလေ့လာသိရှိနိုင်မလဲဆိုတာကို နားဆင်ကြည့်ရအောင်ပါ။ #MasterYourMoney #PersonalFinance #FinancialLiteracy #FianncialEducation #ဟိန်းဇော် #HeinZaw

လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ : Dr. Phyo Paing | Invest In Yourself (Episode 1)

“ကိုယ်လိုချင်တဲ့အရာကို ဖြစ်အောင်လုပ်နိုင်တာ Power ပဲ။ လိုချင်တာဖြစ်အောင်လုပ်ဖို့ဆိုရင် အတားအဆီးတွေ၊ ပြဿနာတွေရှိမှာပဲ။ အဲဒါတွေကို ဖြေရှင်းနိုင်စွမ်းရှိဖို့လိုတယ်။” ဒီတစ်ပတ်ရဲ့ “Invest In Yourself” အစီအစဉ်မှာတော့ ဆရာဒေါက်တာဖြိုးပိုင်နဲ့ ဆွေးနွေးထားပါတယ်။ အဓိကအားဖြင့် လူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့၊ ကိုယ့်ကိုယ်ကိုယ် နောက်တစ်ဆင့်မြှင့်ဖို့ ဘာတွေလုပ်ဖို့လိုမလဲဆိုတာနဲ့ပတ်သက်လို့ နားဆင်ရမှာဖြစ်ပါတယ်။

မပြိုင်ဘဲ နိုင်အောင်လုပ်ပါ : Dr. Phyo Paing | Invest In Yourself Episode (2)

“တိုက်ရိုက်မပြိုင်ဘဲ နိုင်အောင်လုပ်ပါ။ (စီးပွားရေးမှာ) တိုက်ရိုက်ပြိုင်တယ်ဆိုတာ မဟာဗျူဟာမရှိတဲ့အချိန်ကျမှ ပြိုင်တာ။” ဒီတစ်ပတ်ရဲ့ “Invest In Yourself” အစီအစဉ်မှာတော့ ဆရာဒေါက်တာဖြိုးပိုင်နဲ့ မေးမြန်းဆွေးနွေးမှု (အပိုင်း ၂) တင်ဆက်ပေးလိုက်ပါတယ်။ အဓိကအားဖြင့် ဒီနေ့ခေတ်မှာ Lifestyle Entrepreneur တစ်ယောက်အနေနဲ့ ဘယ်လိုရပ်တည်လို့ရမလဲ၊ မပြိုင်ဘဲနိုင်အောင်လုပ်နိုင်မယ့် စီးပွားရေးလုပ်ငန်းမဟာဗျူဟာ၊ ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတစ်ခု ဘယ်လိုတည်ဆောက်မလဲ စတာတွေကို နားဆင်ရမှာဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုဖြင့် ချမ်းသာကြွယ်၀မှုတည်ဆောက်ခြင်း: Kaung Hein Soe | MasterYourMoney(Episode 3)

“ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင် Investment ဆိုင်ရာတွက်ချက်မှုတွေလိုတယ်။ အဓိကကတော့ (အရင်းအနှီးထည့်မယ့်) ကိုယ့်ငွေကြေးကို မဆုံးရှုံးသွားဖို့နဲ့ နောက်တစ်ချက်ကတော့ ဒီငွေကြေးကနေရလာတဲ့အကျိုးအမြတ်ကို ပုံမှန်ရနေပြီး မဆုံးရှုံးဖို့ ဒီနှစ်ချက်ကို ဂရုစိုက်ရတယ်။” ဒီတစ်ပတ်ရဲ့ Master Your Money အစီအစဉ်မှာတော့ ဆရာ Kaung Hein Soe (Strategic) နဲ့ မေးမြန်းဆွေးနွေးထားပါတယ်။ အပိုင်း (၁)မှာတော့ အထူးသဖြင့် ဆရာ့ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွေ့အကြုံ၊ Serial Investor တစ်ယောက်မှာ ရှိသင့်တဲ့ Investment Skills တွေ၊ ရင်းနှီးမြှုနှံမှုတစ်ခုလုပ်တော့မယ်ဆိုရင် သိထားသင့်တဲ့ Financial Knowledge တွေ စသဖြင့် နားဆင်ရမှာဖြစ်ပါတယ်။

အပြောင်းအလဲကို စီမံခြင်း (Part 1) : Dr. Koung Loon | Invest In Yourself (Episode 3)

"Professional တွေအနေနဲ့ အပြောင်းအလဲကာလမှာ Learning Agility (မြန်မြန်ဆန်ဆန်သင်ယူနိုင်စွမ်း) ရှိဖို့အရေးကြီးတယ်။" "အသက် ၃၀ နဲ့ ၄၀ ကြားမှာ ပြောင်းလဲရမယ့် Change က Strategic Change ပဲဖြစ်တယ်။" ဒီတစ်ပတ်ရဲ့ Invest In Your Self အစီအစဉ်မှာတော့ ဆရာ ဒေါက်တာကောင်းလွန်းနဲ့ တွေ့ဆုံဆွေးနွေးထားပါတယ်။ Personal Development, Professional Development ဆိုင်ရာအကြောင်းအရာတွေကို နားဆင်ရမှာဖြစ်ပါတယ်။ #PersonalDevelopment #ProfessionalDevelopment #KoungLoon #ကောင်းလွန်း #Invest_In_Yourself

ရလဒ်တွေကောင်းဖို့ဆိုရင် လွဲမှားတဲ့ယုံကြည်မှုတွေကို ပြောင်းရဲဖို့လိုတယ်

ကိုယ့်ဘ၀မှာ ရလဒ်တွေကောင်းဖို့ဆိုရင် တလွဲယုံကြည်မှုတွေ၊ တလွဲဆင်ခြေတွေ၊ တလွဲလုပ်ဆောင်မှုတွေကို ပြောင်းပစ်ဖို့လိုတယ်။ #Belief #Excuse #Action #Result