Master Your Money
Published September 27, 2025
2:11
ငွေကြေးအကျပ်အတည်းကင်းဖို့ဆိုရင် အများစုက ငွေရှာတာကိုပဲ အဓိကစဉ်းစားတယ်။ ငွေရှာတာက အရေးကြီးတာမှန်တယ်ဆိုပေမဲ့ ငွေကြေးကို စီမံခန့်ခွဲမှုသေချာမလုပ်နိုင်ရင် ကိုယ်ရှာထားတဲ့ငွေကို ထိန်းသိမ်းနိုင်ဖို့၊ အဲဒီငွေကိုအရင်းအနှီးပြုပြီး ကြီးပွားအောင်လုပ်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ငွေကြေးနဲ့ပတ်သက်ရင် Financial Literacy ကို နားလည်သဘောပေါက်ဖို့ အရေးကြီးပါတယ်။ အခုလို ကျပ်တည်းချိန်မှာ ပိုလို့တောင် အရေးကြီးလာပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင် Financial Literacy ပဲပြောပြော၊ Financial Education ပဲပြောပြော ငွေကြေးအသိပညာကို အခြေခံလောက်မှ နားမလည်ထားရင် ငွေကြေးအကျပ်အတည်းကနေ လွတ်မြောက်ဖို့မလွယ်ပါဘူး။ ၂၀၂၄ မှာ ထွက်ရှိထားတဲ့ ကျွန်တော့်ရဲ့ "Master Your Money" စာအုပ်အကြောင်းကို ဝေမျှပေးချင်ပါတယ်။ ဒီစာအုပ်ကနေ ငွေကြေးနဲ့ပတ်သက်လို့ ဘာတွေလေ့လာသိရှိနိုင်မလဲဆိုတာကို နားဆင်ကြည့်ရအောင်ပါ။ #MasterYourMoney #PersonalFinance #FinancialLiteracy #FianncialEducation #ဟိန်းဇော် #HeinZaw