Master Your Money
  • Articles
  • Book Reviews & Interviews
  • Books
  • About
  • Trainings
Master Your Money

Your best to reach out via email or connect with us on social media.

Send Email

All rights reserved. Copyright 2025

Books

Master Your Money, Master Your Life

Master Your Money (ငွေရှာနည်း၊ ငွေကြေးစီမံခန့်ခွဲမှုပညာနှင့် ကြွယ်၀မှုစိတ်ထား)

By ဟိန်းဇော်

ငွေကြေးအကျပ်အတည်းကင်းဖို့ဆိုရင် အများစုက ငွေရှာတာကိုပဲ အဓိကစဉ်းစားတယ်။ ငွေရှာတာက အရေးကြီးတာမှန်တယ်ဆိုပေမဲ့ ငွေကြေးကို စီမံခန့်ခွဲမှုသေချာမလုပ်နိုင်ရင် ကိုယ်ရှာထားတဲ့ငွေကို ထိန်းသိမ်းနိုင်ဖို့၊ အဲဒီငွေကိုအရင်းအနှီးပြုပြီး ကြီးပွားအောင်လုပ်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ငွေကြေးနဲ့ပတ်သက်ရင် Financial Literacy ကို နားလည်သဘောပေါက်ဖို့ အရေးကြီးပါတယ်။ အခုလို ကျပ်တည်းချိန်မှာ ပိုလို့တောင် အရေးကြီးလာပါတယ်။ ငွေရှာတာ၊ ငွေကိုစီမံခန့်ခွဲတာ၊ စုဆောင်းတာနဲ့ ရင်းနှီးမြှုပ်နှံတာ စတာတွေနဲ့ပတ်သက်ရင် Financial IQ ဆိုတဲ့ ငွေကြေးဆိုင်ရာဉာဏ်ရည်လိုတယ်။ ဒါ့ပြင် Financial EQ လို့ခေါ်တဲ့ ငွေကြးနဲ့ပတ်သက်လို့ စိတ်ခံစားမှုကို ဘယ်လောက်ကိုင်တွယ်နိုင်သလဲဆိုတာကလည်း အရေးကြီးပါတယ်။ တချို့ ငွေရှာတတ်ပေမဲ့ Emotion အရ အသုံးအစွဲမတတ်တဲ့အခါ ရရသုံးသုံးဘ၀နဲ့ပဲ သံသရာလည်နေတာတွေ အများကြီးရှိပါတယ်။ ဒါကြောင့်ပဲ ချမ်းသာကြွယ်၀ဖို့အတွက်တစ်ခုတည်းသော နည်းလမ်းက ကိုယ့်မှာမရှိတဲ့ငွေကို မသုံးပါနဲ့လို့တောင် ပြောကြတယ်။ ငွေကြေးနဲ့ပတ်သက်ရင် Financial Literacy ပဲပြောပြော၊ Financial Education ပဲပြောပြော ငွေကြေးအသိပညာကို အခြေခံလောက်မှ နားမလည်ထားရင် ငွေကြေးအကျပ်အတည်းကနေ လွတ်မြောက်ဖို့မလွယ်ပါဘူး။

မိမိကိုယ်တွင် ရင်းနှီးမြှုပ်နှံခြင်း

By ဟိန်းဇော်

ရင်းနှီးမြှုပ်နှံမှုအားလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ်ရင်းနှီးမြှုပ်နှံခြင်းက အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပဲ" ဘ၀မှာ ကိုယ်ရည်မှန်းထားတဲ့ Level ကိုရောက်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်မှာ တိုးတက်ဖို့ပဲဖြစ်ဖြစ်၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမှာအကျိုးအမြတ်ကောင်းကောင်းရဖို့အတွက်ပဲဖြစ်ဖြစ် ပထမဆုံးအရေးကြီးဆုံးကတော့ ကိုယ်တိုင်အရည်အချင်းပြည့်မီနေဖို့ပဲ။ အဓိကအားဖြင့် ကိုယ်လုပ်နေတဲ့နယ်ပယ်မှာ အမြင့်ဆုံးစွမ်းဆောင်ရည်ရဖို့၊ အမြင့်ဆုံးအအကျိုးမြတ်ရဖို့အတွက် လိုအပ်တဲ့ကျွမ်းကျင်မှု၊ လိုအပ်တဲ့လုပ်နိုင်စွမ်း ရှိထားဖို့လိုတယ်။ ကိုယ်က ပရော်ဖက်ရှင်နယ်တစ်ယောက်ဆိုရင် ကိုယ့်အလုပ်မှာတစ်ဖက်ကမ်းခပ်ကျွမ်းကျင်လေ အမြင့်ဆုံးဝင်ငွေကို ရနိုင်လေပဲ။ ဒီလိုပဲ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင်လည်း Business နဲ့ Investment နဲ့ဆိုင်တဲ့ အသိပညာတွေ၊ ကျွမ်းကျင်မှုတွေ မဖြစ်မနေလိုအပ်ပါတယ်။ ဘ၀မှာ အခွင့်အလမ်း (Opportunity) တွေက တစ်ချိန်မဟုတ်တစ်ချိန်လာနေတာပဲ။ ကိုယ်က အဆင့်သင့်ရှိမနေရင် အခွင့်အလမ်းတွေ ဘယ်လောက်လာလာ ခင်ဗျား လက်လွှတ်နေရမှာပဲ။ အဆင့်သင့်ဖြစ်နေဖို့အတွက်ဆိုရင် ကိုယ့်ကိုယ်ကိုယ်တည်ဆောက်ထားရမယ်။ တကယ်တမ်းတော့ ကိုယ့်ကိုယ်ကိုယ်ရင်းနှီးမြှုပ်နှံခြင်း (Investing In Yourself)ဆိုတာ အလုပ်၊ စီးပွားရေးနဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေအတွက်တင်မကပါဘူး။ ကိုယ့်ရဲ့ကျန်းမာရေး၊ ပျော်ရွှင်မှု၊ ပေါင်းသင်းဆက်ဆံရေး စတာတွေအတွက်လည်း အရေးကြီးတာပါပဲ။ ဆိုတော့ ကိုယ့်ရဲ့ ပိုကောင်းတဲ့အနာဂတ်ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကိုယ့်ရဲ့အချိန်၊ ငွေကြေး၊ Energy တွေကို အရင်းအနှီးပြုပြီး ရင်းနှီးမြှုပ်နှံဖို့ အရေးကြီးပါတယ်။ တစ်နည်းအားဖြင့် ပိုကောင်းတဲ့ အနာဂတ်ကိုရဖို့အတွက် ကိုယ်တိုင်တိုးတက်ပြောင်းလဲနေဖို့လိုပါတယ်။ အရေးကြီးတာက ပုံမှန်တိုးတက်ပြောင်းလဲဖို့အတွက် လေ့လာမှုတွေ လေ့ကျင့်မှုတွေနဲ့ တစိုက်မတ်မတ်တည်ဆောက်သွားဖို့ပဲ။ နှေးတာက ပြဿနာမဟုတ်ဘူး။ ရပ်မနေဖို့နဲ့ လုပ်လိုက်မလုပ်လိုက်ကောက်ရိုးမီးမဖြစ်ဖို့ပဲလိုတယ်။