
ငွေရှာနည်း (၄) မျိုး

ငွေရှာခြင်း (Making Money) နဲ့ ပတ်သက်ရင် ယေဘုယျအားဖြင့် ESBI ဆိုတဲ့ နည်းလမ်း ၄ မျိုးရှိတယ်။

အချိန်ကိုရောင်းပြီး ငွေရှာမလား၊ ငွေနဲ့ အချိန်ကိုဝယ်မလား

ချမ်းသာကြွယ်၀သူတွေက အချိန်ကိုဝယ်တယ်၊ သာမန်လူတွေက အချိန်ကိုရောင်းတယ်ဆိုတဲ့ စကားလေးရှိတယ်။ ကိုယ့်အချိန်ကိုယ်ပိုင်ချင်တယ်ဆိုရင်၊ ငွေကြေးအတွက်စိတ်ပူစရာမလိုဘဲ ကိုယ်နေချင်တဲ့ Lifestyle နဲ့နေချင်တယ်ဆိုရင် အချိန်ကိုရောင်းပြီးငွေရှာတာထက် ငွေနဲ့အချိန်ကိုဝယ်နိုင်ဖို့လိုတယ်။ #အချိန် #Time #ငွေ #Money

ချမ်းသာကြွယ်၀သူတွေနဲ့ သာမန်လူတွေကြားခြားနားချက်တစ်ချက်

“သန်းကြွယ်သူဌေးတွေက စဉ်ဆက်မပြတ်သင်ယူလေ့လာပြီး တိုးတက်အောင်လုပ်တယ်။ လူလတ်တန်းစားတွေကတော့ ကျောင်းပြီးရင်လေ့လာမှုပြီးသွားပြီလို့ထင်ကြတယ်” ဆိုတဲ့စကားရှိတယ်။ ငွေကြေးကြွယ်၀ဖို့အတွက်ဆိုရင် ကျောင်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာနဲ့ တင်းတိမ်မနေဘဲ ငွေကြေးပညာ၊ စီးပွားရေးပညာ လေ့လာဖို့လိုတယ်။ မဟုတ်ရင် ရရသုံးသုံးဘ၀နဲ့ သံသရာလည်နေဖို့များတယ်။

စုထားတဲ့ငွေတွေကို ဘယ်မှာရင်းနှီးမြှုပ်နှံမလဲ

ရှာထားတဲ့ငွေကို ပွားအောင်လုပ်ဖို့ဆိုရင် အရင်ဆုံးသေချာစုဆောင်းဖို့လိုတယ်။ စုဆောင်းပြီးလို့ ပမာဏတစ်ခုရပြီဆိုရင် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့လိုတယ်။ အရေးကြီးတာက ကိုယ်နားလည်ကျွမ်းကျင်တဲ့ Asset မှာ ရင်းနှီးမြှုပ်နှံဖို့ပါပဲ။

ကြိုတင်ပြင်ဆင်ခြင်းက အနာဂတ်အတွက် အကောင်းဆုံးတည်ဆောက်ခြင်းပဲ

ကြိုတင်ပြင်ဆင်ခြင်းက အနာဂတ်အတွက် အကောင်းဆုံးတည်ဆောက်ခြင်းပဲဖြစ်တယ်။ ကိုယ့်ရဲ့အနာဂတ်၊ အထူးသဖြင့် အသက်အရွယ်ရလာချိန်မှာ မပူမပန်မကြောင့်မကြနေနိုင်ဖို့ဆိုရင် ကြိုတင်စုဆောင်းရင်းနှီးမြှုပ်နှံဖို့လိုတယ်။ #FinancialPlanning #Saving #Investment

အလုပ်ဖြစ်တာကို အာရုံစိုက်လေ မြန်မြန်ဆန်ဆန်ရှေ့ရောက်လေပဲ

ဘ၀မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ် လုပ်လို့ရတာအကုန်လျှောက်လုပ်နေတာထက် ကိုယ့်အတွက်တကယ့်အကျိုးရလဒ်ရစေတာကို အာရုံစိုက်ပြီး လက်လွှတ်သင့်တာတွေ လက်လွှတ်လိုက်ဖို့အရေးကြီးတယ်။ အလုပ်ဖြစ်တာကို အာရုံစိုက်လေ မြန်မြန်ဆန်ဆန်ရှေ့ရောက်နိုင်လေပဲ။ #Leverage #နည်းနည်းလုပ်များများရ #80/20Rule

ကိုယ့်ဘ၀ကိုယ်ပြင်ဖို့က ငယ်တုန်းရွယ်တုန်းမှာ အကောင်းဆုံးပဲ

ဘ၀မှာ အချိန်ရှိသေးတယ်၊ ရှိသေးတယ်ဆိုပြီး ဘာမှာမလုပ်၊ ဘာမှမပြင်ရင် အချိန်လွန်၊ အရွယ်လွန်သွားတဲ့အခါ နောက်ဆုံးကိုယ်အတွက်ကျန်နေမှာက နောင်တတွေပဲ။ လုပ်စရာရှိတာကို လုပ်နိုင်စွမ်းအမြင့်ဆုံးအချိန်မှာလုပ်တာ အကောင်းဆုံးပဲ။

ဝင်ငွေတိုးတက်ချင်ရင် စျေးရောင်းတတ်အောင်သာ သင်

စျေးရောင်းတာက စီးပွားရေးရဲ့ အခြေခံပဲ။ ဘယ်စီးပွားရေးလုပ်လုပ် ခင်ဗျား တစ်ခုမဟုတ်တစ်ခုတော့ ရောင်းနေရတာပဲ။ Product ရောင်းမှာလား၊ Service ရောင်းမှာလား၊ B2C (Business to Consumer) လား၊ B2B (Business to Business) လား ဒါတွေပဲ ကွာတာ။ အနည်းဆုံးဗျာ ဝန်ထမ်းလုပ်ရင်တောင် ကိုယ့်ရဲ့ Skill ကိုတော့ ရောင်းရတာပဲ။ စျေးရောင်းသူတိုင်း မချမ်းသာပေမဲ့ ချမ်းသာသူတိုင်းကတော့ စျေးရောင်းသူတွေချည်းပဲ။ #စျေးရောင်းခြင်း #Sales #ဝင်ငွေ #Income #စီးပွားရေး #Business

အခြေခံနားလည်ထားသင့်တဲ့ ငွေကြေးဆိုင်ရာဥပဒေသ (၅) ရပ်

ကမ္ဘာကြီးက အချိန်နဲ့အမျှပြောင်းလဲနေချိန်မှာ ငွေကြေး၊ ချမ်းသာကြွယ်၀မှုတို့နဲ့ပတ်သက်ရင် အစဉ်အလာနည်းလမ်းတွေနဲ့တင်ပိတ်မိနေလို့မရဘဲ နည်းလမ်းအသစ်တွေ၊ ဥပဒေသအသစ်တွေကို သဘောပေါက်နားလည်ဖို့လည်း မဖြစ်မနေလိုပါတယ်။ Personal Finance ဂုရုကြီး Rebert Kiyosaki ကတော့ ငွေကြေးဆိုင်ရာသတိပြုစရာနဲ့ပတ်သက်လို့ “Five New Rules of Money” ဆိုပြီး ပြောထားတာရှိတယ်။

ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာ - Investment Strategy

“အနာဂတ်အတွက်စုဆောင်းဖို့ ယုံကြည်ချက်မရှိရင် ဘယ်သူမှရင်းနှီးမြှုပ်နှံမှာမဟုတ်ဘူး။ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ဖို့ ကောင်းမွန်တဲ့အနာဂတ်ကို ယုံကြည်သူဖြစ်ရပါမယ်” အခုတစ်ပတ် “စာပေလမ်းရဲ့ စာရေးသူပြောတဲ့ စာအုပ်အကြောင်း” အစီအစဉ်မှာတော့ ဆရာသက်ထွန်းဦးရဲ့ “ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာ” စာအုပ်အကြောင်းကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ စတော့ရင်းနှီးမြှုပ်နှံမှု ရွှေရောင်စည်းများ ၇ ချက်၊ ရင်းနှီးမြှုပ်နှံမှုမှာ သတိပြုသင့်တဲ့ စီးပွားရေးအရံအတား (Economic Moat) နဲ့ Value Investing အကြောင်း စတဲ့ ဒီစာအုပ်ထဲက မှတ်သားစရာတချို့ကို နားဆင်ရမှာဖြစ်ပါတယ်။